ထန်တလန်မြို့၌ လူနေအိမ်သုံးလုံးမီးလောင် လူ(၂)ဦးသေဆုံး

ထန်တလန် ဇန်နဝါရီ ၁၂

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ယနေ့ နံနက် ၂ နာရီ အချိန်က အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ပတ်ကွင်းလမ်းရှိ လူနေအိမ် သုံးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ကွင်းပတ်လမ်းနေ ဦးချွန်လျန်၏ နေအိမ်(၂) ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂၀×၁၆×၁၀)ပေ၊ မီးကြွင်းမီးကျန်မှ မီးစလောင်ခဲ့ရာ ဦးရွှေပဲန်း၏ နေအိမ် (၁)ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂၀×၁၆×၁၀)ပေ နေအိမ်နှင့် ဦးငွန်ဘွဲ၏ နေအိမ်(၁)ထပ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း၊ (၂၀×၁၆×၁၀)ပေ တစ်ခြမ်းအား ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁)ကျောင်းတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁)ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက "ပြည်မြန်မာ" သီချင်း သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေလူထု တွေ့ဆုံပွဲကျင်းပ

ထီးချိုင့် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် လွှတ်တော်  ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေလူထုတွေ့ဆုံပွဲကို  ယမန့်နေ့နံနက် (၁၁)နာရီက မောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ပါသည်။

ကလေးစာပေပွဲတော် (ဘိုကလေး)အတွက် Theme Song သီဆိုဖျော်ဖြေနိုင်ရေး ကြိုတင် လေ့ကျင့်

ဘိုကလေး ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ ဘိုကလေးမြို့နယ် ကလေး စာပေပွဲတော်ကို ဇန်နဝါရီ(၂၉)ရက်နေ့မှ(၃၀)ရက်အထိ ကျင်းပမည်ဖြစ်ရာ ပွဲတော်တွင် ကလေး စာပေပွဲတော် Theme Song သီဆိုဖျော်ဖြေနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီတွင် ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre၌ ကြိုတင် သီချင်းတိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။

ဆိပ်ဖြူမြို့နယ် အောက်ဆိပ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းပြုလုပ်

ဆိပ်ဖြူ ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောက်ဆိပ်ကျေးရွာ အထက်တန်းကျောင်း မြတမာတွင် ပြုလုပ်သည်။

ကျုံပျော်မြို့ ကလေးစာပေပွဲတော်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဝန်ဆောင်မှုများ ပေးအပ်

ပုသိမ် ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲများအနက် ကျုံပျော်မြို့ ကလေးစာပေပွဲတော်သည် (၁၆)ပွဲမြောက် ဖြစ်သည်။

ဂန့်ဂေါမြို့နယ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူလျက်ရှိ

ဂန့်ဂေါ ဇန်နဝါရီ ၁၁

ဂန့်ဂေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဇန်နဝါရီ ၂ ရက်မှ စတင်ကာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ ကောက်ကွက်ပေါင်း မြို့ပြ ၂ နေရာနှင့် ကျေးလက် ၁၈ နေရာတို့ ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။

(၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲအတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပ

မန္တလေး ဇန်နဝါရီ ၁၁

(၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲအတွက် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀နာရီခွဲက မန္တလေးကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ် အတွင်း ကျင်းပသည်။

ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ ဓမ္မစကူးလ်ကျောင်းတော်သစ်ဖွင့်လှစ်

မင်းလှ ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ အမှတ်စဉ်(၇)/မင်းလှ (၀၃၅)ဓမ္မစကူးလ်ကျောင်းတော်သစ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီချိန်ကကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဓမ္မစကူးလ် နာယကဆရာတော်များ၊ ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက အမှတ်စဉ် (၇)/မင်းလှ (၀၃၅)ဓမ္မစကူးလ်ကျောင်းတော်သစ်ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။

ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျေးရွာ လျှပ်စစ်မီး ဖွင့်ပွဲ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်

မလှိုင် ၊ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်အဆင့်တာဝန်ရှိသူများ လိုက်ပါလျှက် ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်က မလှိုင်မြို့နယ် ၊ ကျွဲခြံ ကျေးရွာအုပ်စု၊  ကြာအိုင်ကြာပွား ကျေးရွာအ‌ခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းဆောင်သစ် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲနှင့် လျှပ်စစ်မီး ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက် ၍ ဖွင့်လှစ်ပေးခဲ့ ကြောင်းသိရသည် ။

Subscribe to