ကံမမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး မြို့နယ်အဆင့်သင်တန်းကို အ.ထ.က(ကံမ) မြ၀တီခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးတင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။