ကျွန်းလှ မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ပန်းနှမ်းစိုက်ဧကအားလုံးရိတ်သိမ်းပြီး တင်း ၆၈၈၂၉ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပန်းနှမ်း ၅၃၁၅ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ၁၂ ဒသမ ၉၅ တင်းထွက်ရှိကြောင်း၊ ပန်းနှမ်းစိုက်ပျိုးသည့် တောင်သူများအား စိုက်နည်းစနစ်မှန်ကန်ရေးပညာပေးခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း ယခုနှစ်ဆောင်းရာသီ၌ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် မုန်ညှင်းစေ့သီးနှံ စုစုပေါင်း ၃၅၂၈၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ