ချောင်းဆုံမြို့နယ်၌ ဆောင်းသီးနှံ (၉၀၇၉) ဧကစိုက်ပျိုးသွားမည်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်း စာသုံးဆီဖူလုံရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်အတွက် လာမည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နွေးစပါးနှင့် ဆောင်းသီးနှံ စုစုပေါင်း (၉၀၇၉)ဧက စိုက်ပျိုးနိုင်ရန်အတွက်  လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့မှ သိရသည်။

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ်ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁) ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျောင်းတွင်းနေ့လယ်စာ တတိယအကြိမ် အာဟာရကျွေးမွေးမှုကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေ ဘုံသာမုနိစေတီ တော်မြတ်ကြီးအားစွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်+ဇနီးဒေါ်မိုးမိုးလွင်နှင့် ပန်းတောင်းတပ်နယ်ရှိကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့မိသားစုများမှ နေရောင်ခြည် စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၆:၃၀) နာရီအချိန်၌ စေတီတောမြတ်ကြီး၏ ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများတက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်/ ကောလိပ်များမှကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ၌ စိုက်ပျိုးထားသော စံပြချည်မျှင်ရှည်ဝါစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ ကွင်းအမှတ်(၂)၊ ဦးပိုင်အမှတ်(၁၆၂) တောင်သူဦးသာအောင်၏ စံပြချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်၌ မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၈ နံနက် (၁၀) နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်ပေါ်တွင်ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်သီလရှင်ကျောင်းတိုက်များအား ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ ငလျင်ဘေးသင့်သီလရှင်ကျောင်းတိုက်များသို့ ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကိုအောက်တိုဘာလ ၂၈ ရက်နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)ဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသနေပြည်သူများသည် အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
Subscribe to