မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သွားရောက်၍ ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ ပျက်စီးသူများအား ကွင်ဆင်းဆောင်ရွက်ပး
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ စိန်ပန်းရပ်ကွက်နှင့် သံလျှက်မှော်အနောက်ရပ်ကွက်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံး မှ ဝန်ထမ်းများအနေဖြင့် (၁၈) နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူ (၄) ဦးနှင့် (၁၈)နှစ်အထက် ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ ပျက်စီးသူ (၂၈၅) ဦး စုစုပေါင်း(၂၈၉)ဦးအား မိတ္တူထုတ်ပေးခြင်းကို အောက်တိုဘာ (၂၈) ရက်နေ့က ကွင်းဆင်းဆောင်ရွေက်ပေးခဲ့ကြောင်း သိရသည်။