မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်းဆွေးနွေးပွဲ ကျင်းပ

မကွေး အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်/ ကောလိပ်များမှကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ပုံရိပ်ဖော်ညွန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက လူငယ်မဟာဗျူဟာဖိုရမ် ၂ဝ၂၅ ပါ ပထဝီ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အဆင့်မြင့်ပညာရေးတွင် သုတေသနအရေးပါမှုအကြောင်းအရာများကို ဟောပြောပို့ချဆွေးနွေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားကို တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ မြန့်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ တာဝန်ရှိသူများက မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်း‌ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူငယ်ကိုယ်စားလှယ်များနှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်စစ်တမ်းများအား ဖြေဆိုခဲ့ကြပြီး စစ်တမ်းစစ်ဆေးတွေ့ရှိချက်အချို့နှင့်သုတေသနအခွင့်အလမ်းများအကြောင်းကို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

မောင်ခိုင်မင်း( ပြန်ဆက်)