စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်သီလရှင်ကျောင်းတိုက်များအား ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

စစ်ကိုင်း အောက်တိုဘာ ၂၈

စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ ငလျင်ဘေးသင့်သီလရှင်ကျောင်းတိုက်များသို့ ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကိုအောက်တိုဘာလ ၂၈ ရက်နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုးနှင့် အဖွဲ့ဝင်များက  စစ်ကိုင်းမြို့ပေါ်ရှိ ခေမာရံသီသီလရှင်ကျောင်း၊ အောင်မြင့်မိုရ်မှန်ချိုသီလရှင်ကျောင်း၊ ပညာမဏ္ဍိုင်သီလရှင်ကျောင်း၊ ရတနာသိင်္ဂီမှန်ချိုသီလရှင်ကျောင်း၊ သာသနာ့မဏ္ဍိုင်သီလရှင်ကျောင်းများသို့ သွားရောက်၍ သီလရှင်ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်းသိရသည်။

နေလင်းအောင်(ပြန်/ဆက်)