တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ်ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေး

တံတားဦး အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁) ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျောင်းတွင်းနေ့လယ်စာ တတိယအကြိမ် အာဟာရကျွေးမွေးမှုကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်း အာဟာရကျွေးမွေးသည့်နေရာသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၊ တံတားဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်မြင့်ဦးနှင့် ဝန်ထမ်းများ၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တံတားဦးခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အ.ထ.က၊ တံတားဦးမှ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများက KG တန်းမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးကြသည်။ ထို့နောက် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တံတားဦးအခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ KG တန်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးအား အစားအစာအမျိုးအမည် (၅)မျိုးတွင် ပါဝင်သည့် အစားအစာများအား အာဟာရကျွေးမွေးခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြပြီး KG ကလေးငယ်များအား သွားတိုက်ဆေး၊ သွားတိုက်တံများကို ထောက်ပံ့ပေးအပ်ကြသည်။

အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းရှိ KGတန်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား တတိယအကြိမ် ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးခြင်းများ ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)