သဲကုန်းမြို့၌ ပင်စင်စားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်ချုပ်​ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ပင်စင်လစာများထုတ်ပေး

သဲကုန်း   ဇူလိုင်  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ဇူလိုင် ယမန်နေ့မှစတင်၍ ပင်စင်စားများ အားကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပင်စင် လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ပင်စင်စားတစ်ဦးမှ "ကျွန်တော်တို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ မှာကို​တော့ ကြောက်တာပေါ့ စားဝတ်​နေရေးအတွက်အခက်အခဲက​ဖြစ်နေတော့ ပင်စင်လစာကို မဖြစ်မနေလာထုတ်ရတာပါ တတ်နိုင်သမျှ ကိုဗစ်ရောဂါမကူးစက်နိုင်အောင် ကာကွယ်ထား ပါတယ် မြန်မာ့စီးပွားရေးဘဏ်ခွဲကလဲ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဘဏ်အတွင်းမဝင်ခင် ကိုယ်ပူချိန်တိုင်းပေးခြင်း၊ လက်ဆေးစေခြင်းများကို ဆောင်ရွက် ပေးပြီး ပင်စင်လစာတွေကို ထုတ်ပေးလျက်ရှိပါတယ်"ဟု ပြောကြားသွားသည်။

သဲကုန်းမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား) စုစုပေါင်း(၁၅၀၀)ဦး ခန့်ရှိကြောင်း မြန်မာ့စီးပွား ရေးဘဏ်ခွဲမှ သိရသည်။

နိုင်လင်း(ပြန်/ဆက်)