ချောက်မြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ချောက် ​ဇူလိုင် ၂၇

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ​ယမန်နေ့မှစ၍ နံနက် ၆  နာရီမှမွန်းလွဲ ၂နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင်​ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ အား ပင်စင် လစာထုတ်ပေးခြင်းကိုနိုင်ငံ​တော်အစိုးကသတ်မှတ်ထား​သောအများပြည်သူ ရုံးပိတ်ရက်များအပ ရုံးဖွင့်ရက် များ တွင် ထုတ်ပေးလျက်ရှိကြောင်းနှင့် ​​ဇူလိုင် ၂၆ရက်​နေ့က အငြိမ်းစားဝန်ထမ်း (၆၂၈)ဦး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့် အညီ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာ​ငွေထုတ်ယူမည့်အငြိမ်းစားဝန်ထမ်းစုစု​ပေါင်း ၃၂၅၄ဦး ရှိ​ကြောင်းမြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)