မေတ္တာ ဇူလိူင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သုံးလုံး-ဟိန္ဒါးကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက် ချဉ်းကပ်တံတားသည် ဇူလိုင်လ ၂၆ ရက်နေ့က ချောင်းရေတိုက်စားမှုကြောင့် ပြို့ကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွားချင်းဆက် ချဉ်းကပ်တံတား ပြိုကျပျက်စီးမှုအား တာဝန်ရှိသူများက ကျေးရွာအချင်းချင်း လမ်းပန်းဆက်သွယ်မှုပြတ်တောက်မှုမရှိစေရေးအတွက် စက်ယန္တရားများ ဖြင့်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
တောင်သုံးလုံး-ဟိန္ဒါးကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက် ချဉ်းကပ်တံတား၏ အရှည်မှာ ပေ ၁၀၀ ရှိပြီး သစ်သားများဖြင့် ဆောက်လုပ်ထားသော တံတားတစ်ခုဖြစ်ကြောင်း သိရသည်။
မေတ္တာ(ပြန်/ဆက်)