သထုံခရိုင်အတွင်းရှိ ရေကြီးနစ်မြုပ်သည့်နေရာများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှု အားပေး
မွန်ပြည်နယ်၊ သထုံခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်က သထုံခရိုင်အတွင်းရှိ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့ နယ်အတွင်း ရေကြီးနစ်မြုပ်သည့် နေရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ကြည့်ရှုအားပေးကာ ရေဘေးဒဏ်ခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။