သန်လျင် သာသနာ့ဗိမာန် Test Center၌ ကိုဗစ်- ၁၉ ရောဂါ သံသယ ဖျားနာ၊ ချောင်းဆိုး နံ့ပျောက်လူနာများ မည်သူမဆို (အခမဲ့) စမ်းသပ်စစ်ဆေးနိုင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိနှင့် ဖျားနာ၊ ချောင်းဆိုးနှင့် အနံ့ပျောက်လူနာများ သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး Test Center၌ ယနေ့နံနက် ၉ နာရီမှစတင်ကာ မည်သူမဆို (အခမဲ့) စမ်းသပ် စစ်ဆေးနိုင်ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှုမရှိစေရေး မြို့နယ်ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါဖြစ်ပွားမှုများပြားလာသဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ် တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေး မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်(၈)နာရီအချိန်ခန့်မှ စတင်၍ ကုန်သည်လမ်းနှင့် မီးသွေးတန်းလမ်းဆုံ နှင့် မြင်းရုပ်မီးပွိုင့်လမ်းဆုံများတွင် မိုဘိုင်းလှည့်လည်၍ ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံခရိုင်ဆေးရုံ၀င်းအတွင်းရှိ Oxygen Plant စက်ရုံမှ အောက်ဆီဂျင်များ စတင်ထုတ်လုပ် လည်ပတ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ Oxygen Plant စက်ရုံကို ဇူလိုင်လ ၂၇ ရက်၊ မွန်းလွဲပိုင်းက စတင်လည်ပတ်ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံ Isolation Ward (1) ရှိ အောက်ဆီဂျင်လိုအပ်သူများကို ပေးပို့ကာ ကြပ်မတ်ကုသပေးလျှက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် ( တောင်ပိုင်း ) မြို့နယ် အောင်မြင့်မိုရ်ဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ /မရှိ အခမဲ့စစ်ဆေးပေးမည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ အမှတ်(၁၀၆)ရပ်ကွက်လှော်ကားလမ်းနှင့် ရိုးမရိပ်သာလမ်းရှိ အောင်မြင့်မိုရ်အိမ်ရာ ဓမ္မာရုံတွင် ယခုလ၂၉ ရက်နေ့မှစတင်ကာ ကိုဗစ် - ၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးချင်သော ဒေသခံမိဘပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ အခမဲ့စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးခရိုင် အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး ဆော်သြခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အသိပညာပေး ဆော်သြခြင်းကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အတွင်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေမှု ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကလေးမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေး (Mask Campaign) လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့ကြသည်။

မအူပင်ခရိုင်​၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်နှင့်တွေ့ဆုံမေးမြန်းခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မအူပင်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်အား ကိုဗစ်- ၁၉ရောဂါနှင့်ပတ်သက်၍ယမန်နေ့ မွန်းလွဲ ၃ နာရီ ကတွေ့ဆုံမေးမြန်းထားသည် များ ကိုဖော်ပြအပ်ပါသည်။

ကိုဗစ်- ၁၉ ရောဂါကာလ အတွင်း ပြည်သူများ အခက်အခဲ မဖြစ်ပေါ်စေရေးနှင့် အောက်ဆီဂျင် လုံလောက်စွာရရှိရေး တပ်မတော်(ရေ)အနေဖြင့် အောက်ဆီဂျင်အိုးများ ဖြည့်တင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(တောင်ပိုင်း)ခရိုင်၊ သန်လျင်မြို့နယ်ရှိ တပ်မတော်(ရေ) အနေဖြင့် ကိုဗစ်-၁၉ ရောဂါကုသနိုင်ရေးအတွက် အများပြည်သူများ အခက်အခဲ မဖြစ်ပေါ်စေရန်နှင့် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရည်ရွယ်၍ ရေတပ်သင်္ဘောကျင်းဌာနချုပ်(သီလဝါ)ရှိ အောက်ဆီဂျင်စက်ရုံနှင့် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)တို့မှ အောက်ဆီဂျင်ဓာတ်ငွေ့များအား ဇူလိုင်လအစောပိုင်းမှစတင်၍ ယနေ့အထိနေ့စဉ်ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် မြို့ပေါ် ရပ်ကွက်များရှိ အိမ်ထောင်စုများအား ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုများအား ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

စပါးစေ့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို COVID-19 ရောဂါ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ စပါးစေ့ကျေးရွာတွင် ဇူလိုင် ၂၇ ရက်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများကို COVID-19 ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Subscribe to