ညောင်ရွှေမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွားများ လွှဲပြောင်းပေးအပ်
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် ဒေသနွားမလွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ညောင်ရွှေမြို့နယ် နောင်တောကျေးရွာအုပ်စု မဇ္ဈိမလွယ်ခေါ်ကျေးရွာ၌ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဒေသခံ တောင်သူများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။