ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေ မှ လောက်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများလာရောက်၍  ကိုဗစ်−၁၉  ကာကွယ်ဆေးထိုးနှံမှုအားကွင်းဆင်း ကြည့်ရှု

 

လောက်ကိုင်      ဇူလိုင်  ၃၁

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ယမန်နေ့ နံနက်၉ နာရီ အချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လောက်ကိုင် မြို့နယ် ပြည်သူ့ဆေးရုံ၌ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများလာရောက်၍  ကိုဗစ်−၁၉  ကာကွယ် ဆေးထိုးနှံမှုအားကွင်းဆင်း ကြည့်ရှုကာ နွေးထွေးစွာ  အားပေးစကားပြောကြားသည်။

ဆက်လက်ပြီး လောက်ကိုင်မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး ၊ လောက်ကိုင်မြို့နယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဒေါ်ချောချောအေး၊ ကုန်းကြမ်းမြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဦးမောင်မောင်စသည်များ လိုက်ပါ၍ (၁)ပြည်သူ့ဆေးရုံ (၂)ရွှေယင်စီးကျေးလက်ဆေးပေးခန်း၊   (၃)ပါစင်ကျော်ကျေးလက်ဆေး ပေးခန်း၊  (၄)ထင်ပါကျိုင်းကျေးလက်ဆေးပေးခန်းများသို့ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို များလာရောက်၍  ကိုဗစ်−၁၉  ကာကွယ်ဆေးထိုးနှံမှုအားကွင်းဆင်း ကြည့်ရှု၍ အားပေးစကားပြော ကြားသည်။ ဆက်လက်ပြီးနေ့လည်( ၁၄:၀၀ )နာရီမှာ ဆီအော ကျေးလက်ဆေးပေးခန်း၊  ဆင့်ကိုင့် ကျေးလက်ဆေးပေးခန်းနေရာများသို့ ကွင်းဆင်းကြည်ရှု အားပေး ခဲ့ပါသည်။ တချိန်တည်းမှာ ပင်ကုန်းကြမ်းမြို့နယ်၌ ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ ချင်းရွှေဟော်မြို့  ပြည်သူ့ဆေးရုံ၌လည်းကောင်း  ကိုဗစ်−၁၉ကာကွယ်ဆေးများကို ထိုးနှံခဲ့ကြောင်းသိရပါသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ လောက်ကိုင်မြို့နယ်မှ(၁၅၀၇)ဦး၊ ကုန်းကြမ်းမြို့နယ်မှ(၄၄၂)ဦး၊ ချင်းရွှေဟော်မြို့ ရုံးမှ(၂၁)ဦးတို့မှ  ကိုဗစ်−၁၉ကာကွယ်ဆေးများကို တစ်ပြိုင်နက်တည်း  ထိုးနှံသွား မည်ဖြစ်ကြောင်း   သတင်းရရှိပါသည်။ မြေပြင်ရှိအမှန်တကယ်  လာရောက်ဆေးထိုးနှံမှုကို  ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။