ဝါးခယ်မ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ဝါးခယ်မပြည်သူ့ဆေးရုံ၊ ရွှေလောင်း တိုက်နယ်ဆေးရုံနှင့် ကျွန်းကုန်းကျေးရွာ/အုပ်စု ကျေးလက်ကျန်းမာရေးဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်၅:၄၀နာရီခန့်က အောက်စီဂျင်အိုး (၄၀)လီတာ (၃၆)လုံးလှူဒါန်းခဲ့ကြောင်း သိရသည်။
၎င်းအောက်ဆီဂျင်အိုးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဦးစွမ်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းထွဋ်တို့အဖွဲ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်စီဂျင်အိုး (၄၀)လီတာ (၃၀)လုံး၊ ရွှေလောင်းတိုက်နယ် ဆေးရုံသို့ (၄၀)လီတာ (၃)လုံး၊ ကျွန်းကုန်းကျေးရွာ/ အုပ်စု ကျေးလက်ကျန်းမာရေးဌာနသို့ (၄၀)လီတာ (၃) လုံး စုစုပေါင်း (၃၆)လုံးအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်စီဂျင်အိုးများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ အမှတ်(၆) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးတပ်ရှိ အောက်စီဂျင်စက်ရုံမှ သွားရောက်ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောသန္တာဦး