သီပေါ ဩဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကုသရေး စင်တာများအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စေတနာရှင်ပြည်သူများမှလှူဒါန်း သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဓာတ်စာများပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်စား ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ခိုင်က ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ အာဟာရဓာတ်စာများပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အ ကပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask )၂၀၀၀ခု၊ မျက်နှာအကာ( Face Shield)၂၀၀ခု၊ အရက်ပြန်ပုံးကြီး (၁)ပုံး၊ကလိုရင်းပုံးကြီး(၁)ပုံးနှင့်ဆန်အိတ်(၃၀)အိတ်၊ ဆီ(၃၀) ပိဿာ၊ ခေါက်ဆွဲ (၂)ဖာ၊ ကြက်ဥအလုံး(၁၀၀၀)ကို ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ခိုင်ကပေးအပ်လှူဒါန်းရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်စိုးဝင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာမျိုးအောင်တို့က လက်ခံရယူခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဓာတ်စာများကို ကိုဗစ်-၁၉ရောဂါ ကုသရေး စင်တာများဖွင့်လှစ်ဆောင်ရွက်ထားရှိသည့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ရေဟော်ဘုန်းတော် ကြီးသင်ပညာရေးကျောင်း၊ တရုတ်ဘာသာစကားသင်ကျောင်းနှင့် နမ့်လန်တိုက်နယ်ဆေးရုံစသည့် နေရာ(၄)နေရာသို့ ဆက်လက်ခွဲဝေလှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနမှ သိရသည်။
ခင်လေး