တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ဦးစားပေးအစီအစဉ်အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀နာရီအချိန်က တိုက်ကြီးမြို့မ(အ.ထ.က)စာသင်ကျောင်းအပါအဝင် စုရပ်(၇)နေရာတို့တွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ( ၉) နာရီမှ စတင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ သတ်မှတ်နေရာအသီးသီးတို့တွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည် ။

ကံမမြို့နယ်တွင် ပြည်သူ ၄၀၉၅ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအထိ ပြည်သူ ၄၀၉၅ ဦးအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ကံမကျန်းမာရေးဌာန၊ ရေနံ့သာတိုက်နယ် ကျန်းမာရေးဌာနခွဲ၊ ကျောက်စောင်း ကျန်းမာရေးဌာနခွဲ၊ အင်းဘဲကျန်းမာရေးဌာနခွဲ၊ ကြို့ပင်ကျန်းမာရေးဌာနခွဲနှင့် စစ္စရံ ကျန်းမာရေး ဌာနခွဲ တို့တွင် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်း များပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ မွန်ပြည်နယ်အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ပရဟိတလူမှုအဖွဲအစည်းများ တက်ရောက်သည်။

လက်ပံတန်းမြို့နယ်ရှိ ဧရာဝတီမြစ်ရေကာတာနှင့် မြစ်မခမြစ်ရေကာတာများ ကြံ့ခိုင်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယနေ့တွင် ဧရာဝတီမြစ်ရေကာတာနှင့် မြစ်မခမြစ်ရေကာတာ ကြံ့ခိုင်မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊ အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွား များနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm) များထိုးနှံပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅) နှစ်နှင့် အထက်ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm)ကို သြဂုတ်လ ၉ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ့အားကစား ခန်းမနှင့်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ရုံး တို့တွင်ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအား ယနေ့နံနက်၉နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုကြီးရပ်ကွက် မြို့တော် ခန်းမတွင် ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့တွင်ကိုဗစ်ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း (၃၇)ဦးရှိကြောင်းသိရသည်။

ဝါးခယ်မမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ကုလားကျွန်းသောင် ကျေးရွာတွင် ယနေ့နံနက် (၉:၃၀)အချိန်ကဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
Subscribe to