ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် မွေးလူနာတစ်ဦး အောင်မြင်စွာ မွေးဖွား

ကျွန်းစု ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် မွေးလူနာတစ်ဦးအား ဩဂုတ်လ(၁၀)ရက်က အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မွေးမိခင်နှင့်ကလေး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ မ----ကိုယ်ဝန်ဆောင်မိခင်သည် ကလေးမွေး‌ဖွားရန်အတွက် ဆေးရုံသို့ ရောက်ရှိလာပြီး ကိုဗစ် ရောဂါပိုး ရှိ/မရှိ (RTD)ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်အား မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မွေးဖွားပေးခဲ့ရာ သမီးမိန်းကလေးအား  အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မွေးမိခင်နှင့် ကလေး ကျန်းမာရေးကောင်းမွန်လျက်ရှိကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)