လားရှိုး သြဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)တွင် တက်ရောက် ကုသနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများအတွက် စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး Positive လူနာများအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့သည်။ ထို့နောက် စေတနာရှင်၊ အလှူရှင်များက စားသောက်ကုန်များ ပေးအပ်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုတွင် ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)တွင် တက်ရောက် ကုသနေသော Positive လူနာ (၁၃၉)ဦးအတွက် အချိုရည် (၁၃)ဖာ၊ ရေသန့် (၅၀)ကဒ်၊ ကြက်ဥ (၂၀၄၀)လုံး၊ ခေါက်ဆွဲခြောက် (၂၇)ဖာ၊ Exam Glove (၅၀၀)ဘူး၊ အောက်စီဂျင်ရှူပိုက် (၂၀)ပိုက်၊ PPE ဝတ်စုံ (၅၀)တို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဥမ္မာချို(ခရိုင် ပြန်/ဆက်)