ဘားအံ သြဂုတ် ၁၄
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကိုဗစ်၁၉ရောဂါ ကူးစက်ခံရသူ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်နိုင်ရန်အတွက် အောက်ဆီဂျင်စက်ပစ္စည်းများ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ စက်ရုံတည်ဆောက်မည့် နေရာသို့ရောက်ရှိကြောင်းသိရှိရသည်။
အဆိုပါ အောက်ဆီဂျင်စက်သည် တရုတ်နိုင်ငံထုတ် NZO-60 အမျိုးအစားဖြစ်ပြီး တစ်နေ့လျှင်အောက်ဆီဂျင် ၄၀လီတာစလင်ဒါအိုး ၂၀၀ ခန့်ထွက်ရှိနိုင်မည်ဖြစ်ပြီး ၄င်းအောက်ဆီဂျင်စက်များထာရှိမည့် စက်ရုံသည်(၃၀ပေ×၆၀ပေ) StealStructure အဆောက်အဦးအမျိုးအစားဖြစ်ပြီး ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း၅၅၀ခန့်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံအား ကရင်ပြည်နယ်အတွင်းရှိ ကိုဗစ်လူနာများ၏ အောက်ဆီဂျင်လိုအပ်မှုကို အမြန်ဖြည့်ဆည်း ပေးနိုင်ရေးအတွက် တစ်ပါတ်အတွင်းပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ မှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)