ငဖဲမြို့ မိုးကုပ်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်း

ငဖဲ ဩဂုတ် ၂၃

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တွင် ကိုဗစ်-၁၉ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများ ဆွမ်းဆန်တော်များ ပြတ်လပ်မှုမရှိစေရေးအတွက် အမှတ်(၉၀၅) အမြှောက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ပဒါန်းတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးသန့်၊ အမှတ်(၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံမှ ဗိုလ်မှူးကြီး အောင်ဆန်းဦးနှင့်အဖွဲ့မှ  ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်ရှိ မိုးကုပ်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ တက်ရောက်လာကြသည့် မိုးကုပ်ဓမ္မရိပ်သာမှ ဆရာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၊ အမှတ်(၉၀၅) အမြှောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ပဒါန်းတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးသန့်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဗိုလ်မှူးကြီး အောင်ဆန်းဦးနှင့် အဖွဲ့များ၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက မိုးကုတ်ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဒါန၊ သီလတရားနာယူကြသည်။

 

ထို့နောက် ငဖဲမြို့ မိုးကုတ်ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိမလအား အမှတ်(၉၀၅) အမြှောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ပဒါန်းတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးသန့်၊ အမှတ်(၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံမှ ဗိုလ်မှူးကြီး အောင်ဆန်းဦးနှင့်အဖွဲ့များ၊ ငဖဲမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်တို့မှ ဆွမ်းဆန်တော် (၄)အိတ်၊ ဆီ(၅)ပိသာ၊ ဆား(၁၀)ပိသာ၊ ပဲ (၈)ပြည်၊ အမယ်(၄)မျိုးနှင့် ကြက်ဥ(၁၀)ကဒ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (mask)(၅)ဘူး၊ Hand Sanitizer လက်သန့်ဆေးရည် (၅)ဘူး တို့ကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)