သီပေါမြို့နယ်တွင် အရပ်ရပ်အခွင့်အရေး လိုင်စင်များ သက်တမ်းတိုး၊စိစစ်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ် ရောင်းချ ခွင့်လက်မှတ်ထုတ်ပေး

သီပေါ ဩဂုတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင် ၊သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များသက်တမ်းတိုး၊စိစစ်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်ထုတ်ပေးသည့် အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့တော်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်က သားသတ်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ထို့နောက် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်လျှောက်ထား သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ စည်ပင်သာရေးဌာနအမှုဆောင်အရာရှိက  ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး သီပေါမြို့နယ် အတွင်းရှိ ဈေးများနှင့်နမ့်လန်ကျေးရွာအုပ်စုအတွင်းရှိ ဈေးများမှ အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်လျှောက်ထားသူများအား တာဝန်ရှိသူများ က အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း  မြို့နယ်စည်ပင်သာယာရေးဌာနမှ  သိရသည်။

            အဆိုပါ အခမ်းနားသို့ သီပေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ သားသတ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေး