ရေတာရှည်မြို့တွင် အိုမီခရွန်ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရန် Mask Campaign ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၇ နာရီက ရန်ကုန်-မန္တလေးကားလမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။