ရေတာရှည် ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၇ နာရီက ရန်ကုန်-မန္တလေးကားလမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင် အိုမီခရွန်(Omicron)ရောဂါပိုးကူးစက်သူ ၃၀၀ ကျော်ပြီဖြစ်ကြောင်း ပြည်သူများအနေဖြင့် နေအိမ် ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျစွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေကြရန် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ပါးစပ်နှင့် နှာခေါင်းစည်း ( Mask )တပ်ဆင်သွားလာခြင်းမရှိသူများကို တစ်ဦး လျှင် ဒဏ်ငွေ (၅၀၀) ကျပ် ပေးဆောင်စေ၍ ပါးစပ်နှင့်နှာခေါင်းစည်း( Mask )ကို ချက်ချင်းတပ်ဆင်စေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)