လိပ်သိုမြို့အထက်တန်းကျောင်းတွင် (၁၅)နှစ်အောက် ကျောင်းသားကျောင်းသူများအား ပိုလီယိုရောဂါ ကာကွယ်ဆေး(အပိုဆောင်း)တိုက်ကျွေး

လိပ်သို   ဖေဖော်ဝါရီ   ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ အသက်(၁၅)နှစ်အောက် ကျောင်းသား ကျောင်းသူများအား ပိုလီယိုရောဂါကာကွယ် ဆေး(အပိုဆောင်း) တိုက်ကျွေးခြင်းကို လိပ်သိုမြို့ အထက်တန်းကျောင်း၌ ယမန်နေ့နေ့လည်(၁၂)နာရီအချိန်က ပြုလုပ်ခဲ့ရာ လိပ်သိုမြို့အုပ်ချုပ် ရေးမှူး ဦးစောမြကျော်က  သွားရောက်ကြည့်ရှုအားပေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းတွင် လိပ်သိုတိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မိုးမိုးခိုင် ဦးဆောင်၍   ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းဆရာ/မတို့ကပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းအားဖြင့် ကလေးငယ်များ ပိုလီယိုရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကာ ရာသက်ပန်မသန်မစွမ်းဖြစ်ခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်းကို ကျန်းမာရေးဆရာမ  ဒေါ်မိုးမိုးခိုင်က  ကျောင်းသူ/သားများအား  အသိပညာပေးဟောပြောပေးခဲ့ကြောင်း  သိရသည်။

(မြို့(ပြန်/ဆက်)