တနိုင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “အခြေခံလက်သမားသင်တန်း”ဖွင့်လှစ်

တနိုင်း   ဖေဖော်ဝါရီ   ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့၌ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "အခြေခံလက်သမားသင်တန်း"ဖွင့်ပွဲကို ဖေဖော်ဝါရီ (၃)ရက် နံနက်(၉)နာရီက  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “အခြေခံလက် သမားသင်တန်း” ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဇော်မျိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒများနှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလက်သမားသင်တန်း   ဖွင့်လှစ်ပေးခြင်းကြောင့် အလုပ် အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုအတွက် ဝင်ငွေများတိုးပွားလာစေရန် ရည်ရွယ်၍  ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအသက်မွေးဝမ်းကျောင်း အထောက်အကူပြု “အခြေခံလက်သမားသင်တန်း”တွင် ကျေးရွာများမှ သင်တန်းသား(၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းခွင့်ပြုငွေကျပ် သိန်း(၅၀)မှ သင်ထောက်ကူပစ္စည်း လွှ၊ တူ၊ရေဘော်၊ ကျင်တွယ်၊ ပေဘူး၊ ချိန်သီး၊ ပဲကွပ်၊ ခဲတံ (၈) မျိုးသင်တန်းကာလမှာ (၃.၂.၂၀၂၂)မှ (၂၂.၂.၂၀၂၂)ထိရက်(၂၀) ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)