အုတ်တွင်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုး သူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များစာပေဖတ်ရှု့သည့် အလေ့အကျင့် များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာသိန်းထွန်း(IR)ရေးသားသည့် "မေတ္တာစမ်းရေအေးနှင့် အိုအေစစ်မိသား စုဘဝ"ဆောင်းပါးဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)ဥက္ကဋ္ဌ စာရေးဆရာ ဦးခင်မောင်ချိုနှင့်အဖွဲ့ဝင်များမှ ဆောင်းပါးပါ အကြောင်းအရာဖြစ်သည့် ဦးဆုံးတမ်းတမိတာ မိဘနှစ်ပါး၊ မိဘမေတ္တာ၊ ချစ်ကြတဲ့ပုံစံတွေမတူတတ်ကြ၊ ဥမကွဲသိုက်မပျက်နေထိုင်၊ မေတ္တာတွေ ပိုပြီးလွှမ်းမိုးနေမှာ စသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်းအမြင်ခြင်းဖလှယ်ကာ အပြန်အ လှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)