အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် (Omicron)ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

အုတ်တွင်း   ဖေဖော်ဝါရီ   ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာအချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက​ ပေါက်တော၊ ဗောဓိကုန်းကျေး ရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့်ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံမှုကို အကြိမ်ပြည့်မပျက်မကွက်ခံယူပါ၊ ကိုဗစ်- ၁၉ရောဂါကို မိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ဆိုးပါ၊ ပြတင်းတံခါးများဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ပါ၊ မဖြစ်မနေ အိမ်ပြင် ထွက်ပါကပါးစပ်နှင့်နှာ ခေါင်းစည်း(Mask) တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်း ဆက်သွယ်ပါ၊ စသည့်အချက်များကို ပြည်သူများအားလုံးဆက်လက် လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းနှင့် အုတ်တွင်း​မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၉၃၉)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၈၅၅)ဦး၊ သေဆုံးသူ(၆၀)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​​ပေါ်တုံ့​​ပြန်​ရေး​ကော်မတီမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)