မိုင်းယောင်း နိုဝင်ဘာ ၂၆
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.မ.က (၅) ကျောင်းအား တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဦးစွာ အ.မ.က(၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွန်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် အခြေခံစံနှုန်းနှင့် အညွှန်းကိန်းပါ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ အမှတ်ပေးကြသည်။
ထို့နောက် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့ ပါဝင်သော ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဝင်များက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)