ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုမှာကြား

တောင်ကြီး နိုဝင်ဘာ ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူး၊ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ဖယ်ခုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖယ်ခုံမြို့၊ ဟိန်ဓမ္မရပ်ကွက်နှင့် ဈေးရှေ့ပိုင်းရပ်ကွက်တွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုကို  ကြည့်ရှုခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပင်လောင်းမြို့နယ်သို့ ရောက်ရှိကာ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများ၊ ပင်လောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းနောက်တက်ရောက်လာသူများက လုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တီကျစ်မြို့၊ ရပ်ကွက်(၁)နှင့် နောင်တရားမြို့ အမှတ်(၃)ရပ်ကွက်တို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)