ပေါင်းတည် နိုဝင်ဘာ ၂၆
သန့်ရှင်း၍စိမ်းလန်းစိုပြည်ကျောင်းများအား Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာကျောင်းသုံးကျောင်းသို့ ခရိုင်၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆုရွေးချယ်ရေးကော်မတီအဖွဲ့များက ယမန်နေ့က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုတွင် သတ်မှတ်အခြေခံစံနှုန်း ၄ချက်၊ အညွှန်းကိန်း ၁၇ ချက်နှင့်အညီ ရှိ/မရှိနှင့် လုပ်ငန်းအစီအစဉ်များနှစ်အလိုက်ရေးဆွဲထားရှိမှုနှင့် ကျောင်းသား၊ကျောင်းသူများ ရေးဆွဲထားကြသည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ကာတွန်းပန်းချီနှင့်ဆောင်ပုဒ်၊ ကဗျာများကို Notice Board ဖြင့် ပြသဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)