မိုးညို နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုအတွင်းရှိ ဆောင်းနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စိုက်ပျိုးကြီးကြပ်မှုကော်မတီဥက္က#FX ဦးဖုန်းလွင်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုံ(၂)တာဝန်ခံ ဒေါ်ညိုညိုသိမ်း၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးနှင့် ဝန်ထမ်းများက သာယာကုန်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာမှ တောင်သူဦးကိုဝင်းနှင့် ဦးမိုးမြင့်ဦးတို့၏ ဆောင်းနှမ်း(၆)ဧကကို ဘောင်တင်၊ စိုက်ကြောင်းဆွဲ၊ မျိုးစေ့ချ၊ ကြမ်းအုပ်ခြင်းတို့ကို တစ်ပါတည်းဆောင်ရွက်နိုင်သော ကရိယာအသုံးပြု၍ ပေါင်ကြီးတင်စနစ်ဖြင့်စိုက်ပျိုးမှုအား ကြည့်ရှုအားပေး၍ တောင်သူများ အနေဖြင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အပြည့်အဝသုံးစွဲနိုင်ရေး၊ ဖြည့်စွက်ရေပေးသွင်းနိုင်ရေးတို့အတွက် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိုးညိုမြို့နယ်အတွင်း ယခုနှစ်တွင်ဆောင်းနှမ်းလျာထား(၂၁၈၀)ဧကကို အပြည့်အဝစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)