ဖယ်ခုံ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်းပိုင်း) ဖယ်ခုံမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ယမန်နေ့ နံနက် ၁၀ နာရီတွင် ဖယ်ခုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံပွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုတို့ တွေ့ဆုံပွဲ တက်ရောက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်းပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးနှင့်အတူ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူး၊ တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး လိုက်ပါ၍ ဖယ်ခုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြိုနယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းးစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ဖယ်ခုံမြို့နယ် ဟိန်ဓမ္မရပ်ကွက်နှင့် ဈေးရှေ့ရပ်ကွက်တွင် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာခြင်းကို ကြည့်ရှုခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)