ပြင်ဦးလွင်မြို့တွင် ဖူဆယ်ဒိုင်လူကြီးသင်တန်းဆင်းပွဲ ကျင်းပ
၂၀၂၅ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြင်ဦးလွင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဖူဆယ်ဒိုင်လူကြီး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီက ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားခန်းမဆောင် ၁ ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။