လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်ရင့်ကျက်ခြင်း" အသိပညာပေး (Talk Show) ပြုလုပ်

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်ရင့်ကျက်ခြင်း" အသိပညာပေး (Talk Show) ပြုလုပ် လမ်းမတော် နို၀င်ဘာ ၂၇ မြို့နယ်ပြန်/ဆက်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

နောင်မွန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မြို့နယ်လုံးကျွတ်မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲကြီးစနစ်တကျဖြင့် ချောမွေ့လွယ်ကူအောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နံနက် ၉ နာရီတွင် ဝဏ္ဏကျော်ထင်ဦးဂူရှင်ဖုန်ခန်းမ၌ ကျင်းပသည်။

ဖြူးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများ  ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယာယီနေရပ်စွန့်ခွာပြည်သူများသည် နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်၉ နာရီအချိန်မှ စတင်ကာ စည်ပင်သာယာခန်းမတွင်  ကြိုတင်ဆန္ဒမဲပေးကြကြောင်း သိရသည်။

တောင်ငူခရိုင်အားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလအကြို လူထုလှုပ်ရှားမှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၌ ယနေ့နံနက် (၆) နာရီအချိန်တွင် တောင်ငူမြို့ဒေသခံပြည်သူများမှ ဒီဇင်ဘာအားကစားလအကြို လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းနှင့် Physical Fitness Dance အားကစားလှုပ်ရှားဆောင်ရွက်မှုများဖြင့် စည်ကားလျက်ရှိသည်။ အဆိုပါ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလအကြို လူထုလှုပ်ရှားမှုဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်း (တောင်ငူ) တို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူ (၇၀)ဦးက Physical Fitness Dance လှုပ်ရှားဆောင်ရွက်ခြင်း၊ လူကြီး၊ လူရွယ်၊ လူငယ်များက လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ(TALK SHOW)ကျင်းပ

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ(TALK SHOW)ကျင်းပ မြစ်သား နိုဝင်ဘာ ၂၇ ရဲနိုင်ဦး(မြစ်သား)

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်သူများအဖွဲ့(Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ်

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်သူများအဖွဲ့(Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ် လှိုင် နိုဝင်ဘာ ၂၇ ဇော်ဇော်နိုင်(ပြန်/ဆက်)

လားရှိုးမြို့ အ.ထ.က (၂) ကျောင်း၌ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးသု‌တေသနဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံများသိရှိစေရန်၊ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ရောဂါတွေ့ရှိပါက အထူးကုဆရာဝန်များနှင့် ဆက်လက်ပြသပေးနိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး လားရှိုးမြို့တွင် ဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တွဲပြည်နယ်၊ ခရိုင်၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ လားရှိုးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်‌ရောက်ခဲ့သည်။

ကျောက်တန်းမြို့နယ်၌ အခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ်၊ ကမာကလုတ်ကျေးရွာ၊   ကပ္ပပဿဒ္ဓိစောမုနိဓမ္မာရုံ၌ နို၀င်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Subscribe to