အိမ်မဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမည်စာရင်းများ မှန်ကန်စေရေးတာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမည်စာရင်းများ မှန်ကန်စေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းမှ စတင်ကာကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့ အမှတ်(၆) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်နေ့နံနက် ၉ နာရီက အမှတ်(၆)အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ အ‌ခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားဖွံ့ဖြိုးတိုးတက်‌ရေး အစီအစဉ်အရ ကျင်းပပြုလုပ်‌သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

မိုင်းခတ်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန်အတွက် နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့ပေါ်(၂)ရပ်ကွက်နှင့် ကျေးရွာများတွင် မြေပြင် ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အလကမယားမာန်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

လိပ်သိုဒေသထွက် ရော်ဘာများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သော ကျေးရွာများတွင် အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်းများကို စတင်လုပ်ကိုင်လျက်ရှိ‌နေကြောင်း သိရသည်။

ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီတို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနား တက်ရောက်

ဧရာ၀တီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီတို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် Grade -12 ကျောင်းသား/သူများနှင့် ဆရာ/မများအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ တောမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် Grade -12 ကျောင်းသား/သူများနှင့် ဆရာ/မများအား တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Vedio Conferencingဖြင့် တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကျွန်းစုမြို့၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံများတွင် အရန်အဖြစ် တာဝန်ပေးအပ်မည့်သူများနှင့်တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံများတွင် အရန်အဖြစ် တာဝန်ပေးအပ်မည့်သူများအား ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် တွေ့ဆုံသည်။
Subscribe to