ကိုကိုးကျွန်း အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ပွင့်လင်းရာသီ အချိန်အခါ ရောက်ရှိလာပြီး ဖြစ်သဖြင့် မြို့နယ်တစ်ခု အင်္ဂါရပ်များနှင့် ညီညွှတ်စေရန်၊ အစဉ်အမြဲ သန့်ရှင်းသာယာ လှပနေစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဆန်းမင်းဦးဆောင်မှုဖြင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကိုကိုးကျွန်းမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းများစုပေါင်း၍ မြိုနယ်သန့်ရှင်း သာယာလှပစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျွန်းမြို့နယ် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်သော နေရာများအား နှစ်ပိုင်းခွဲ၍ ကမ်းခြေ တစ်လျှောက် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အုန်းတောလမ်းဘေးဝဲယာ အမှိုက်များ ရှင်းလင်း၊ ခုတ်ထွင်ခြင်း၊ ကိုကိုးကျွန်းမြို့နယ် ကလေးကစားကွင်းနှင့် ပန်းခြံအတွင်း မြက်ဖြတ်စက်များဖြင့် မြက်ဖြတ်ခြင်း အမှိုက်များအား ရှင်းလင်းခဲ့ကြသည်။
အဆိုပါ သန်ရှင်းသာယာလှပစေရေးကို အပတ်စဉ် ပုံမှန်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)