မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ ကိုဗစ်ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှု Talk Show ကျင်းပ

မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ ကိုဗစ်ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှု Talk Show ကျင်းပ ကော့မှူး အောက်တိုဘာ ၂ ကျော်သူရ

ဆိပ်ဖြူမြို့နယ်မှ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ

ဆိပ်ဖြူမြို့နယ်မှ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ ဆိပ်ဖြူ အောက်တိုဘာ ၂ တင့်တင်ရွှေ၊ စိုးလင်းနိုင်

ပန်းတနော်မြို့၌ အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများ​နေ့အထိမ်းအမှတ် အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများ လှူဒါန်း

အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာဘိုးဘွားများ​နေ့အထိမ်းအမှတ်အဖြစ် ပန်းတနော်မြို့နယ် အောင်သပြေဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေနှင့်စာသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၁ ရက်က ရပ်ကွက်ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ ကသာအကျဉ်းထောင်၌ အချုပ်သား/သူပေါင်း (၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ အချုပ်သား/သူများ၏ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအခမ်းအနားကို အောက်တိုဘာလ(၁)ရက်နေ့၊ ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အချုပ်သား/သူပေါင်း(၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့်မီးဖိုများ ကျေးရွာများသို့ အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများဖြန့်ဝေခြင်းကို ၂၀၂၁ခုနှစ်မတ်လမှ စက်တင်ဘာလအထိ အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်း‌ငေါ့မြို့ အတွင်းရှိ(၁၈)နှစ်အထက်အမျိုးသား(၅၅)ဦး အမျိုးသမီး (၉၅) ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပြည်သူများ၊အားကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ကို ယမန်နေ့နံနက်(၁၀) နာရီ အချိန်ခန့်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ ပထမ အကြိမ်ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေး Sinophram အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရွှေဘိုအကျဉ်းထောင်မှ ကြားနာစစ်ဆေးဆဲ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြစ်မှုများမှ အကျဉ်းသား/သူ (၈၄)ဦးကို အမှုပိတ်သိမ်း၍ ပြန်လွှတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်မှ ကြားနာစစ်ဆေးဆဲ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြစ်မှုများမှ အကျဉ်းသား/သူ (၈၄)ဦးကို ယမန်နေ့ ညနေပိုင်းက အမှုပိတ်သိမ်း၍ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
Subscribe to