သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ်အထက်ကျောင်းသား/ကျောင်းသူလေး(၃၄၃၂)ဦးအား ပထမအကြိမ် (ပထမ)နေ့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinovac) စတင်ထိုးနှံပေး

သံတွဲ အောက်တိုဘာ   ၁၈

ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ် အထက် အလယ်တန်း၊အထက်တန်းကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက်  ကိုဗစ်ရောဂါ ကာကွယ်ဆေး  (Sinovac) ကိုအောက်တိုဘာ ၁၇ ရက်နေ့မှစ၍ သတ်မှတ်ထားသောကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ စုရပ်ဆေးထိုးစင်တာ(၁၁)ခု တွင် ပထမအကြိမ် (ပထမ)ရက် အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန မှသိရှိ ရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ၁၇ရက်နေ့မှ  ၁၈ရက်နေ့ထိ ထိုးပေးသွားမည်ဖြစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာ ရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက် ကြည့်ရှုအားပေးလျက် ရှိကြောင်းသိရှိရသည်။ 

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinovac) ကို ထိုးနှံမည့်သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် စုစုပေါင်း ၂၇  ကျောင်းမှ အသက် ၁၂ နှစ်အထက်  အခြေခံပညာအလယ်တန်း ကျောင်းသား /သူ  (၆၀၀၃)ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၂၄၃၀) ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄၆)ဦး စုစုပေါင်း (၈၄၃၃) ဦးရှိသည့်အနက် အောက်တိုဘာ ၁၇ရက်နေ့က ဆေးထိုးစင်တာ ၁၁ ခုခွဲ၍ ထိုးပေးခဲ့ရာ ပထမအကြိမ်(ပထမ)နေ့ တွင် အသက်၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၃၄၃၂)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံ ခဲ့ကြောင်းသိရသည်။

 

ခရိုင် (ပြန်/ဆက်)