နမ္မတူတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

နမ္မတူ     ဒီဇင်ဘာ    ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမယနေ့ နံနက် (၉) နာရီ အချိန်ခန့်က စတင်ကာ မြို့နယ်အတွင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ အုပ်စုများရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယခုပထမအကြိမ် ကာကွယ် ဆေးများထိုးနှံပေးရာတွင် နမ္မတူမြို့နယ် နမ္မတူရပ်ကွက် (သ.တ.လ)၊ ပန်ဟိုက်ရပ်ကွက်နှင့် ခိုမို၊ ဆိုက်ခေါင်၊ ကြူဆော့၊ ဖာဆွမ်၊ မိုင်းရင်၊ နမ့်တောင်ကုန်း၊ ဝိန်းနန်၊ မန်ဆာလုံ၊ မိုင်းတပ်စသည့်ကျေးရွာအုပ်စုများမှ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် တိုင်းရင်းသားပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း   မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။     

လူမော် (ပြန်/ဆက်)