ရေနံချောင်း ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန၊မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ် နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုး ကိုထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းကွင်းဆင်း ဆောင်ရွက်ပေး လျက် ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်က ရေနံချောင်းမြို့၊ ဖောင်းကတောကျေးရွာ အုပ်စု၊ ဖောင်းက တော(တောင်) ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ရာတွင် မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော် ကြီးကြပ်၍ ဒု-လဝကမှူး ဦးအောင်အောင်နိုင် ဦးဆောင်သော ဝန်ထမ်း(၄)ဦး က ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ဖောင်းကတော(တောင်)ကျေးရွာရှိ နိုင်၃(က)ဆောင် ရွက်သူ(၁၃)ဦး ၊ နိုင် ၆ (က)ဆောင်ရွက်သူ (၂၈)ဦး ၊စုစုပေါင်း(၄၁)ဦးအတွက် ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းနှင့်အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ရွှေပျိုးခင်းပရဟိတအသင်းမှ လူငယ်မောင်မယ် များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ငြိမ်းငြိမ်းအိ