သရက်မြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများအား မြို့နယ်တည် ဆောက်ရေး နှင့် အရည်အသွေးစစ်ဆေးရေးကော်မတီမှ ကွင်းဆင်း စစ်ဆေး

သရက်   ဒီဇင်ဘာ   ၉

 မကွေးတိုင်းဒေသကြီး သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းဝန်းအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများအား မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေး နှင့်အဖွဲ့ဝင်များက အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့အတွက် ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအတွင်း ရွှေမန်း(မကွေး) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် လျက်ရှိသည့် သုံးထပ်စာသင်ဆောင်၊ လေးခန်းတွဲ လေးထပ် ဆရာ၊ ဆရာမ နေအိမ်ခန်းများ၊ ကွန်ကရစ် လမ်းနှင့် အောင်အောင်သော်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် လေးခန်းတွဲ လေးထပ် ဆရာ၊ ဆရာမ နေအိမ် ဆောက်လုပ်နေမှုလုပ်ငန်းများကို မြို့နယ်တည်ဆောက် ရေးနှင့် အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ၊  မြို့နယ်လမ်းဦးစီးမှူး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ မှူးနှင့်  မြို့နယ်ကျေးဖွံ့ဦးစီးဌာနမှူး တို့ပါဝင်သော ကော်မတီအဖွဲ့ဝင်များက သတ်မှတ်အရည်အသွေးပြည့်မီ ရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ)