မိုးမောက်မြို့နယ်တွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း(Volunteer)နှင့် ကိုဗစ်−၁၉ ပိုးတွေ့လူနာများအတွက်ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၉ ရက် နံနက် ၁၀နာရီတွင် ၂၀၂၀−၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် ကချင်ပြည်နယ် အရေးပေါ်ရန်ပုံငွေမှ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်း (Volunteer)များနှင့် ကိုဗစ်−၁၉ ပိုးတွေ့လူနာများအတွက် စားသောက်စရိတ်များနှင့် စက်သုံးဆီကုန်ကျစရိတ်များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက မန်ခိုက်ရပ်ကွက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။

မော်လမြိုင်ခရိုင်၌ “မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” အသိပညာပေး (Talk Show) ဆောင်ရွက်

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးသုံစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြရန်နှင့် မီးဘေးအန္တရာယ်လုံခြုံရေးသိရှိနိုင်စေရန် ရည်ရွယ်၍အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်၁၁နာရီက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် Online အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်း၌ ကြက်ခြေနီအသင်းခွဲရုံးအတွက် ၂၄ နာရီ လျှပ်စစ်မီး လှူဒါန်းသဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် လိုအပ်လျက်ရှိသော ၂၄ နာရီလျှပ်စစ်မီးကို ယနေ့ နံနက်ပိုင်းက မိုင်းယောင်း-မိုင်းယု ၂၄ နာရီ မီးလင်းရေးကုမ္ပဏီမှ တပ်ဆင်လှူဒါန်းခဲ့သဖြင့် ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းမြတ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။

ရေနံချောင်းမြို့နယ်၊​ ဖောင်းကတောကျေးရွာအုပ်စု၊ ဖောင်းကတော(တောင်)ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန၊မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ် နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုစာရင်းနှင့်

ဆီဆိုင်မြို့နယ်၌ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်  အခြေခံပညာကျောင်းများတွင် ပညာသင်ယူလျက်ရှိသော အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီခန့်က ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

သရက်မြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများအား မြို့နယ်တည် ဆောက်ရေး နှင့် အရည်အသွေးစစ်ဆေးရေးကော်မတီမှ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းဝန်းအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများအား မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေး နှင့်အဖွဲ့ဝင်များက အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့အတွက် ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

နမ္မတူတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ယနေ့ နံနက် (၉) နာရီ အချိန်ခန့်က စတင်ကာ မြို့နယ်အတွင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ အုပ်စုများရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် (Sinopharm) အမျိုး အစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ ပြည်သူ ၆၂၅၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့တွင် မြို့နယ်အားကစားရုံ၊ မြို့အဝင် စစ်ဆေးရေး ဂိတ်နှင့် ကျေးရွာဆေး ထိုးစုရပ်များတွင် ဆက်လက်ထိုးနှံခဲ့သည်။
Subscribe to