ကော့ကရိတ်မြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမရှေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်‌ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံများ ခင်းကျင်းပြသ

ကြာအင်းဆိပ်ကြီး ဇွန် ၂၄

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို အများပြည်သူများနှင့် ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် ကြည့်ရှုလေ့လာ မှတ်သားသိရှိနိုင်စေရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမရှေ့ရှိ နံရံကပ်ဘုတ်၌ ယမန်နေ့နေ့လယ်ပိုင်းအချိန်က ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး အမျိုးအမည်များ စတင်ပေါ်ပေါက် ပျံ့နှံ့လာမှုနှင့်အလွဲသုံးမှုများ မူးယစ်ဆေးဝါး ဆိုးကျိုးနှင့် အန္တရာယ်ကြီးမားမှုများ မူးယစ်ဆေးဝါး တရားမဝင်လက်ဝယ်ထားရှိမှုနှင့် သယ်ဆောင်ရောင်းချမှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့မှုအခြေအနေများ မူးယစ်ဆေးဝါးဥပဒေပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်များနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အကြောင်းအရာ မှတ်တမ်းဓာတ်ပုံများအား ပြည်သူများအနေဖြင့် သိရှိနားလည်ရှောင်ရှား လိုက်နာနိုင်စေရေးအတွက် ခင်းကျင်းပြသပေးထားကြောင်း သိရသည်။

မျိုးမင်းဦး