တိရိစ္ဆာန်အစာ ပေါကြွယ်ဝစေရေးအတွက် တိရိစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုး
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်စေရေးနှင့် တိရစ္ဆာန်အစာပေါများစေရေးအတွက် ယနေ့နံနက် ၈ နာရီက မံစီမြို့ ကောင်ရာရပ်ကွက် တောင်သူဦးဖော်ဂျန်ဘရန်၏ စိုက်ခင်း၌ တိရိစ္ဆာန်အစာပင်သရုပ်ပြ စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။