ကိုဗစ်-၁၉ အသိပညာပေးစာစောင်များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး စာစောင်များ ပြသပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊  မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး အတွက် ကိုဗစ်-၁၉ အသိပညာပေးစာစောင်နှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးစာစောင်များကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာနတ်သျှင် (ရွှေဂူ) ၏ "အနာဂတ်ကိုမျှော်တွေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက စာအုပ် စာစောင် ချစ်မြတ်နိုးသူအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာ နတ်သျှင် (ရွှေဂူ) ၏ "အနာဂတ်ကိုမျှော်တွေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပသည်။

စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများစာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်)သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် ပေါင်းတည် ဒီဇင်ဘာ ၈ အေးအေးဆင့်

ပင်လောင်းမြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်များ တွေ့ဆုံပွဲပြုလုပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င် ဦးသန်းစိုးသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်တို့ လိုက်ပါလျက် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၀င်များ နှင့် တွေ့ဆုံခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၉၀) ဦး ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကြဲကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ “ကရုဏာ”အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များပုံမှန် ထုတ်လုပ်လျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ “ကရုဏာ”အောက်ဆီဂျင်စက်ရုံမှ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားအောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ပေးလျက်ရှိရာ နိုဝင်ဘာလ ၂ ရက်မှဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်လတာအတွင်း အောက်ဆီဂျင် (၄၀)လီတာအိုး (၁၀၀၈)လုံး ထုတ်လုပ်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

သဲကုန်းမြို့နယ် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သဲကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဘားအံမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကျန်းမာရေးပုံမှန်စောင့်ရှောက်မှုများ ပေးလျက်ရှိ

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေး ကြည့်ရှုစစ်ဆေး ပေးခြင်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘားအံမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to