မံစီ ဇွန် ၂၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်စေရေးနှင့် တိရစ္ဆာန်အစာပေါများစေရေးအတွက် ယနေ့နံနက် ၈ နာရီက မံစီမြို့ ကောင်ရာရပ်ကွက် တောင်သူဦးဖော်ဂျန်ဘရန်၏ စိုက်ခင်း၌ တိရိစ္ဆာန်အစာပင်သရုပ်ပြ စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တိရိစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနကဆောင်ရွက်ခြင်းဖြစ်ပြီး တိရိစ္ဆာန်များအတွက် အစာအဟာရဓါတ်ပေါကြွယ်ဝသည့် နေဗီယာမြက်မျိုးနှင့် ဖူးစားပြောင်းတို့ကို ရောနှောစိုက်ပျိုးပြသခဲ့ကြောင်း၊ သရုပ်ပြစိုက်ပျိုးပွဲ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)