အောင်လံမြို့နယ်၌  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲပြုလုပ်

အောင်လံ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမတွင် ယနေ့နံနက်(၉)နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ လမ်းမှန်အကယ်ဒမီ ကိုယ်ပိုင်ကျောင်းများ ကျောင်းသား(၂၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်၊ အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းနိုင်က မူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းမှုခေါင်းစဉ်နှင့် ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက လူငယ်ရေးရာ အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး အောင်လံမြို့မ ရဲစခန်းမှူးဒုရဲမှူးသိန်းနိုင်၏ ဟောပြောမေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားနိုင်သည့် ကျောင်းသားလူငယ်(၂)ဦး အား ဂုဏ်ပြုဆုငွေများပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသားများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင် များနှင့် စာအုပ်ပြပွဲအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)