( ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးရာသီ ) တိရိစ္ဆာန်အစာပင်သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

လွိုင်လင် ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ပန်ကွဲရွာဟောင်း၊ တောင်သူဦးလှထွန်း၏ ယာမြေ(၁)ဧကတွင် တိရိစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲအား ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစိုက်ပျိုးပွဲတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဆန်းဝင်းက တိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် အစာရှားပါးချိန်တွင် အဟာရပြည့်ဝသော တိရိစ္ဆာန်အစာစိုက်ပျိုးကျွေးမွေးခြင်းဖြင့် တိရိစ္ဆာန်ကြီးထွားနှုန်း၊ သားအောင်နှုန်း၊ သားပေါက်နှုန်း၊ ထုတ်လုပ်မှုနှုန်းကောင်းမွန်စေရန်၊ တန်ဖိုးကြီးမားသောအစာနုများ ဖြည့်စွက်ကျွေးမွေးခြင်းမှ အဟာရပြည့်တိရိစ္ဆာန်အစာပင်များကို အစားထိုးကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှုတန်ဖိုးသက်သာစေရန်၊ ကျွဲနွားများ လွှတ်ကျောင်းမွေးမြူသောစနစ်မှ အစာရိတ်ကျွေးခြံလှောင်မွေးမြူသည့်စနစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးလလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အဟာရပြည့်ဝသော တိရိစ္ဆာန်အစာပင် (နေပီယာ၊ မွန်ဘာဆား၊ မူလတို)တို့ကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးခဲ့ကာ တက်ရောက်လာကြသူများမှ တိရိစ္ဆာန်အစာပင်အား စိုက်ပျိုးပေးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)