လောင်းလုံးမြို့နယ် (ဂ) ရပ်ကွက်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ရေး အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

လောင်းလုံး  ဇွန် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် (ဂ) ရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြည့်ဆည်းဆောင် ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က လောင်းလုံးမြို့ (ဂ) ရပ်ကွက်၊ အ-မ-က ကျောင်းခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာအတွင်းစီမံခန့်ခွဲရေး၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနိုင်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများအားလုံး စာတတ်မြောက်စေရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာတတ်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပြည့်အဝထိုးနှံရေးကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးပြီး ဒေသခံ ပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများတို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထိုက်၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းထွန်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သိန်းသိန်း(လောင်းလုံး)